Friday, October 22, 2021

ဓာတ်ပုံပညာကိုဓာတ်ပုံပညာကို ဘယ်ကစပြီးလေ့လာရမလဲ ဆိုတဲ့သူတွေအတွက်....

 ဓာတ်ပုံပညာကိုဓာတ်ပုံပညာကို ဘယ်ကစပြီးလေ့လာရမလဲ ဆိုတဲ့သူတွေအတွက်....

-Photography ဆိုင်ရာ အခေါ်ဝေါ်တွေကိုလေ့လာပါ

  ဓာတ်ပုံနဲ့ ပတ်သတ်ပြီး အခေါ်အဝေါ်တွေ အမျိုးမျိုးရှိပါတယ်။ ဥပမာ Composition နာမည်တွေ...camera setting ထဲက အမည် အခေါ်ဝေါ်တွေ...Camera မှာဆိုရင် Lens တွေရဲ့ အတိုကောက် အခေါ်ဝေါ်တွေ၊ ခလုတ်တွေရဲ့ အခေါ်ဝေါ်တွေ etc... ဒါတွေကို သိအောင် လေ့လာဖို့လိုပါတယ်...

-Composition တွေကို လေ့လာပါ

  Composition တွေကို လေ့လာတဲ့အခါမှာ
Beginer တွေအရင်ဆုံး လေ့လာရမှာက အခြေခံ
အကျဆုံးနဲ့ pro ဖြစ်တဲ့အထိ မေ့ထားလို့မရတဲ့
Rule of Thirds Composition ကို စပြီးလေ့လာပါ...အခြား Framing /Leading lines/Foreground etc...စတဲ့ Basic Composition တွေကို တစ်ခုခြင်း ပိုင်နိုင်အောင် လေ့လာထားပါ။ Composition တစ်ခုခြင်းကို လက်တွေ့ရိုက်ပါ။ ဖတ်ပြီး ဒီတိုင်းမထားပါနဲ့...
Composition တွေလေ့လာနေတုန်း setting တွေ မသိသေးဘူးဆိုရင် Auto mode(or)Semi Auto mode နဲ့ ရိုက်နိုင်ပါတယ်

-Phone(or)Camera ရဲ့ Maunal setting
  ကျနော်တို့ဟာ အမြဲတမ်း Auto mode /Semi Auto mode တွေနဲ့ပဲ ရိုက်နေလို့မရပါဘူး။ တစ်ခါတစ်လေ Manual mode နဲ့ကိုယ်တိုင် ဖန်တီးရိုက်ကူးတဲ့အခြေနေမှာ Manual setting တွေ ဖြစ်တဲ့  ISO/Shutter speed/Aperture တို့ရဲ့ အလုပ်လုပ်ပုံကို နားလည်​ရပါမယ်။ ဒါကို နားလည်ဖို့အတွက် Exposure Triangle ကို လေ့လာရမှာပါ...Camera တွေမှာဆိုရင် Metering Mode တွေ Focus mode တွေအကြောင်းကိုပါ လေ့လာရမှာပါ....

-Lighting အကြောင်း လေ့လာပါ

  ဓာတ်ပုံရိုက်တဲ့အခါ အလင်းအမှောင်က အရမ်းအရေးကြီးပါတယ်။ သဘာဝအလင်းရောင်ပဲဖြစ်ဖြစ် ကိုယ်တိုင် ဖန်တီးတဲ့ Flash တွေနဲ့ပဲ ရိုက်ရိုက် lighting သဘောတရားတွေက်ို နားမလည်ရင် ပုံကောင်းမရပါဘူး...ဒီအတွက် natural lighting (or)Flash lighting အကြောင်းကို လေ့လာရပါမယ်။ အနည်းဆုံးတော့ သဘာဝအလင်းရောင်ကို အသုံးချပြီး ရိုက်ကူးတတ်ဖို့ လေ့လာရပါမယ်...

-Edit and Retouch
  ဓာတ်ပုံတွေရိုက်ပြီးရင် ပြင်ရပါတယ်။ Landscape ပုံတွေရိုက်တာတို့ Portrait ပုံတွေရိုက်တာတို့ ပြီးရင် Edit/Retouch လုပ်ပေးရပါတယ်။ Mobile တွေမှာတော့ JPEG နဲ့ ပုံထွက်လာတဲ့အတွက် အရမ်းပြင်စရာ
မလိုအပ်ပေမယ့်  camera တွေမှာ RAW နဲ့ ရိုက်ကူးတဲ့ပုံတွေကိုတော့ သေချာပေါက်ပြင်ရပါတယ်။ ဒီအတွက်
Edit /Retouch လုပ်တတ်ဖို့အတွက် လေ့လာရပါမယ်.... Mobile Phone တွေအတွက်တော့ Mobile lightroom နဲ့ Snapseed ကို မဖြစ်မနေ သုံးတတ်ဖို့လိုပါတယ်..Computer တွေအတွက်ကတော့ PS/LR
စတာတွေကို စနစ်တကျ သင်တန်းတက်သင့်ပါတယ်..
ပြီးရင် Preset သုံးတာတွေကို ရှောင်ရှားသင့်ပါတယ်...ကိုယ်တိုင်Tools တစ်ခုခြင်းစီရဲ့
အလုပ်လုပ်ပုံကို နားလည်ပြီး ကိုယ်တိုင်
ပြုပြင်တတ်ဖို့လိုပါတယ်...

-ဆောင်ရန် ရှောင်ရန်တွေကိုလေ့လာပါ...
  ကျနော်တို့တွေ ဓာတ်ပုံရိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် Edit and Retouch လုပ်တဲ့အခါမှာ ဆောင်ရန် ရှောင်ရန် လိုက်နာရန် အချက်တွေ အများကြီး ရှိပါတယ်။ ဒါတွေကိုလည်း လေ့လာရပါမယ်....

- များများ လေ့ကျင့်ပါ
   ဓာတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် edit တွေ Retouch တွေ လုပ်တာပဲ ဖြစ်ဖြစ် သိထားပြီးရင် လက်တွေ့ လေ့ကျင့်ရမှာပါ။ လေ့ကျင့်တဲ့အခါမှာ လည်း အားတိုင်းကို လေ့ကျင့်နေရမှာပါ။ ဒါမှ ကျင့်သားရပြီး သဘောပေါက်လာမှာပါ။ လေ့ကျင့်မှု မရှိရင် သိရုံ သိပြီး တတ်မှာ မဟုတ်ပါဘူး...
    
-ကိုယ်က အထက်ပါအချက်တွေကို ကျွမ်းကျင်လာရင်တော့ Advance Level ဆိုင်ရာတွေကို စနစ်တကျ လေ့လာ သင်ယူပြီး ကိုယ့်ရဲ့ Level ကို မြှင့်တင်ရမှာ ဖြစ်ပါတယ်။ဓာတ်ပုံပညာဟာ ဒီနေ့လေ့လာပြီး လအနည်းငယ်နဲ့ တတ်မြောက်သွားမှာ မဟုတ်ပါဘူး။ အချိန်ကာလ တစ်ခုထိ လေ့လာသင်ယူပြီး ကြိုးစားကြရပါတယ်....

ချစ်ခြင်းများစွာဖြင့်
BHT Portrait Photography

No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...