Friday, October 22, 2021

 Mobile ဖုန်းနဲ့ လူပုံ လှလှလေးတွေရအောင် ရိုက်နည်း(10)ချက်
 



1- ပထဆုံး camera setting ထဲကနေ Grid lines ဆိုတာကို ဖွင့်ထားတာ...(မဖွင့်တတ်ရင် လာမေးပါ)

2-ပြီးရင် Grid lines တွေကို သုံးပြီး
    Rule of thirds နဲ့ ရိုက်ပါ

(အောက်က link ကနေ Rule of thirds နဲ့ရိုက်နည်းကို
 ဖတ်လို့ရပါတယ်)👇👇
https://m.facebook.com/story.php?story_fbid=107608707724488&id=102028701615822

3- ကင်မရာ setting ထဲမှာ photo size ကို
     3:4 or 4:3 ထားပြီးရိုက်ပါ


ဖုန်းကင်မရာမှာဆိုရင် 1:1 / 16:9 / 3:4 / full ဆိုပြီး photo size လေးမျိုးတွေ့ရမှာပါ။ 3:4 နဲ့ရိုက်ရင် ဓာတ်ပုံဆိုက်က ပိုပြီး ကျစ်ကျစ်လစ်လစ်ဖြစ်သွားတဲ့အတွက် ပုံက ပိုပြီး ကြည်ကြည်လင်လင်နဲ့ ရလာမှာပါဗျ....

4-Portrait Mode နဲ့ပဲ ရိုက်ပါ

  Portrait mode ဆိုတာ နောက်ပိုင်း ကင်မရာ နှစ်လုံးနဲ့ဖုန်း၊ နှစ်လုံး အထက် ဖုန်းတွေမှာ ပါပါတယ်ဗျ။ ဖုန်းကင်မရာ app ထဲဝင်လိုက်ရင် Portrait ဆိုပြီး မြင်နေရမှာပါဗျ။ အဲ့ဒါလေးကို သုံးပြီး ရိုက်ရင် ပုံက ရှေ့ကြည်နောက်ဝါးလေးနဲ့ ကင်မရာနဲ့ရိုက်ထားသလိုရှင်းရှင်းလင်းလင်း မြင်ရမှာပဲ ဖြစ်ပါတယ်ဗျ။ အနည်းဆုံးတော့ rule of thirds နည်းလေးကို သုံးပြီး ရိုက်ရမယ်နော်...အခြား Composition တွေကိုသိရင်လည်း သုံးပြီးရိုက်ပါဗျ ...မိန်းက​လေးတွေအနေနဲ့ သစ်ပင် ပန်းပင်တွေနားမှာ ရိုက်ရင်တော့ Fore ground ရိုက်နည်းလေးနဲ့ ရိုက်ဖို့ မင်မင်က အကြံပေးပါတယ်နော်...pose မပေးတတ်ရင်လည်း pose ပေးနည်းတွေ page ထဲမှာ အများကြီးတင်ထားတယ်နော ဝင်ကြည့်ကြပါ။
အောက်က link မှာ fore ground ရိုက်နည်းကို ဖတ်ကြည့်နော်
👇
https://m.facebook.com/story.php?story_fbid=117417576743601&id=102028701615822

5-မနက်ပိုင်း၊ မိုးအုံ့တဲ့အချိန် ၊ ညနေပိုင်းတွေ
    ရိုက်ပါ

  ဘာလို့ ဒီလိုပြောရတာလဲဆိုရင် ဖုန်းနဲ့ရိုက်တဲ့အတွက် Lighting က လိုသလို ချိန်ရတာ ခက်ပါတယ်..Lighting က ပုံတစ်ပုံမှာ အရေးကြီးပါတယ်နော်....Lighting လှတဲ့ မနက်ပိုင်းလိုနေရောင်ခြည်ဖျော့ဖျော့လေးမှာ ရိုက်မယ်ဆိုရင် ကိုယ်ပုံလေးက အလင်းရောင် soft ဖြစ်ပြီး နူးနူးညံ့ညံ့ပုံလေးကို ရရှိမှာပါ။ မိုးအုံ့နေတဲ့အချိန်ရိုက်ရင်လည်း ဒီလိုပါပဲ ။ ညနေ နေရောင်ကျခါစလေးရိုက်ရင်တော့ နေရောင်ဝါဝါလေးက ဓာတ်ပုံရဲ့ အလှကို ပိုပြီး ထူးခြားစေပါတယ်....နေ့ဘက်နေအရမ်းပူတဲ့အချိန်ရိုက်ရင်တော့ အလင်းက အရမ်း များပြီး hard ဖြစ်တဲ့အတွက် အသားရေက ကြမ်းတမ်းပြီး ပုံက မလှတော့ဘူး ဖြစ်တတ်တယ်နော်..တစ်ခု ထပ်မှာချင်တာက ဖုန်းကင်မရာ flash မီးတွေ ဖွင့်မရိုက်ပါနဲ့နော်....👌

6- close up (အနီးကပ်)လေးတွေ ရိုက်ပါ

   ဒါလေးကတော့ ကြည့်ရတာ အရမ်း အရသာရှိစေတဲ့ နည်းလေးပါဗျ။ ကိုယ်လုံးပြည့်ပေါ်အောင်ရိုက်တဲ့ ပုံတွေထက် မင်မင်ကတော့ ပိုကြိုက်ပါတယ်..သူ့အကြိုက် ကိုယ့်အကြိုက်ပေါ့လေ....အဓိကက အလှကိုပြချင်တာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ မျက်နှာကို အဓိကထားပြီး
 ဦးခေါင်းကနေ ခါးအထက်နားထိ ဖြစ်ဖြစ် ဒူးအထက်နားဖြစ်ဖြစ်လောက်ထိ ယူပြီး ရိုက်ဖို့အကြံပေးပါတယ်နော်... ထပ်ပြီး မှာချင်တာက အရမ်းအဝေးကြီးကနေ မရိုက်ပါနဲ့..လူနဲ့ အရမ်းဝေးကနေ ရိုက်ရင် လူက သေးပြီး မလှတော့ပါဘူး....2m /3m လောက်ကနေပဲ ရိုက်ဖို့အကြံပေးပါတယ်....

7-Zoom ဆွဲမရိုက်ပါနဲ့
   ဖုန်းနဲ့ ဓာတ်ပုံတဲ့အခါ Zoom ဆွဲပြီး မရိုက်ပါနဲ့ တတ်နိုင်သမျှ လူက အနီးနား သွားရိုက်ပါ။ zoom ဆွဲရိုက်မယ်ဆိုရင် ပုံရဲ့ Resolution ကျသွားတဲ့အတွက် ပုံက ဝါးနေတာဖြစ်နိုင်ပါတယ်။
မဖြစ်မနေ zoom ဆွဲမှ ရမယ်ဆိုလည်း 2x ထက်ပိုမဆွဲပါနဲ့..

8- ခန္ဓာကိုယ် အချိုးစားလိုက် ရိုက်နည်း
        ဓာတ်ပုံရိုက်တဲ့အခါ ပိန်တဲ့သူ ဝတဲ့သူ
ပုတဲ့သူဆိုပြီး ရှိပါတယ်။ သူတို့နဲ့ လိုက်ဖယ်မယ့်
ရှုထောင့် အနေထားတွေ ရှိပါတယ်။ ပိန်တဲ့သူဆို ရှေ့တည့်တည်ကနေ အတည့်ရိုက်ပါ။ ဝတဲ့သူဆို
စောင်းစောင်းနေပြီး ခပ်စောင်းစောင်းကနေရိုက်ပါ။ မေးနှစ်ထပ်မဖြစ်အောင် အောက်က မရိုက်ပါနဲ့။ အရပ်ပုတဲ့သူတွေကတော့ ကင်မရာကို နောက်နည်းနည်းဆုတ်ပြီး အောက်နား နည်းနည်းထားရိုက်ပါ။

9-outfit

  ဓာတ်ပုံရိုက်ရင် ကိုယ်ရိုက့်မယ့် အနေထားအပေါ်မူတည်ပြီး အဝတ်စား ရွေးတတ်ဖို့ လိုပါတယ်။ Cute type လေးတွေဆိုရင်တော့ ဂါဝန်တွေ hoodie လေးတွေနဲ့ရိုက်ပြီး၊ အေးအေးချမ်းချမ်းပုံစံလေးရိုက်မယ်ဆို မြန်မာ ဝတ်စုံတွေနဲ့ရိုက်ပါ။ Sexy ကျကျရိုက်ချင်ရင် စကပ်တွေနဲ့ ရိုက်ပါ။ ခပ်မိုက်မိုက်တွေရိုက်မယ်ဆိုရင်တော့ ဘောင်းဘီတွေ shirt တွေနဲ့ရိုက်ပါ.....ယောကျာ်းလေးတွေကတော့ Hoodie တွေနဲ့ မိုက်မိုက်တွေ ရိုက်လို့ရပါတယ်။ပြီးတော့ Shirt အင်္ကျီလေးတွေနဲ့ Free style လေးတွေရိုက်ပါ...

10- ဓာတ်ပုံတွေကို retouch လုပ်ပါ
  ကိုယ်ရိုက်လာတဲ့ ဓာတ်ပုံတွေကို ဒီတိုင်း Facebook တို့ IG တို့ လိုနေရာတွေမှာ ဒီတိုင်း မပြင်မဆင်ပဲ မတင်ပါနဲ့။ ဓာတ်ပုံဆိုတာ ပြင်ကို ပြင်သင့်ပါတယ်နော်...ပြင်လိုက်တဲ့ ပုံနဲ့ မပြင်ထားတဲ့ပုံက အရမ်း သိသာပါတယ်နော်.....
ပြင်ဖို့အတွက် app လေးတွေလည်း ရှိပါတယ်နော်...အလွယ်ကူဆုံးက ကိုယ်တိုင် မပြင်တတ်လည်း preset လေးတွေ Filters လေးတွေ သုံးပြီး ပြင်ပါဗျ...အဲ့ဒီအတွက် VSCO ၊ FaceU၊ Instagram ၊ Polarr ဆိုတဲ့ app တွေမှာ ပါတဲ့
Filters တွေက အရမ်းကောင်းပါတယ်.
ကိုယ်တိုင်ပြင်တတ်ရင်တော့ Snapseed ၊ lightroom လို app တွေက အရမ်းကောင်းပါတယ်👌👌

ဒီနည်းလေးတွေနဲ့ ရိုက်ကြည့်ပါ ပုံလှလှလေးတွေ ရစေရမယ်လို့ အာမ ခံပါတယ်နော်....

No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...