Friday, October 22, 2021

Gridlines ဖွင့်နည်းပေါင်းချုပ်

 Gridlines ဖွင့်နည်းပေါင်းချုပ်




 
ကျေးဇူးပြုပြီး ကိုယ့်အမျိုးစားအလိုက် သေချာဖတ်ပေးပါ...
**Mi **
Mi မှာ  Gridlines ဖွင့်မယ်ဆိုရင်
1- ကင်မရာထဲဝင်ပါ
2-ညာဘက်အပေါ်ဒေါင့်က အချောင်း သုံးခုတွဲလေးကို နှိပ်ပါ
3-အဲ့ဒီမှာ ပေါ်လာတဲ့ Icon တွေမှာ Show Gridlines ဆိုတာ ပါခဲ့ရင် တစ်ချက် နှိပ်ပေးလိုက်ပါ....ဒါဆို ရပါပြီ
***အကယ်၍ အထက်မှာပြောသလိုမပါခဲ့ရင်
1- အပေါ်မှာ ပြောခဲ့တဲ့ ညာဘက်အပေါ်ဒေါင့်က
    အချောင်းသုံးခုတွဲကို နှိပ်ပါ
2- ဘယ်ဘက်အပေါ်နားက setting ထဲဝင်လိုက်ပါ
3- Setting ထဲမှာ Show gridlines ဆိုတာကို ဖွင့်ပေးရင် ရပါပြီ...

** Oppo***
Oppo မှာ Gridlines ဖွင့်မယ်ဆိုရင်
1- ဖုန်းရဲ့ setting ထဲသွားပါ
2- System app
3- camera ကိုရှာပြီး နှိပ်လိုက်ပါ
4- Grid ဆိုတာလေးကို ဖွင့်ပေးရင်ရပါပြီ

**VIVO**
Vivo မှာ Grid lines ဖွင့်မယ်ဆိုရင်
*တစ်ချို့ ဖုန်း Model တွေက
1- ဖုန်း ရဲ့ Setting ထဲသွား
2- system app
3- Camera ကိုရှာပြီး နှိပ်
4- Grid ဆိုတာကို ဖွင့်ပေးရင် ရပါပြီ
*တစ်ချို့ ဖုန်း Model တွေမှာကျတော့
1- Camera ထဲဝင်
2- အပေါ်မှာ ရှိတဲ့ setting ထဲဝင်
3- Framing lines ဆိုတာကို ဖွင့်ပေးရင် ရပါပြီ

**Samsung**
Samsung မှာ Gridlines ဖွင့်မယ်ဆိုရင်
1- camera ထဲဝင်
2-camera Setting ထဲထပ်ဝင်
3- Grid ဆိုတာကို ရှာပြီး ဖွင့်ပေးလိုက်ပါ(**တစ်ချို့ model တွေမှာတော့ ဂဏန်းတွေနဲ့ လာတတ်ပါတယ် 3×3 ဆိုတာကို ထားပေးလိုက်ပါ) ဒါဆ်ို ရပါပြီ...

**I Phone**
I Phone တွေမှာ Gridlines ဖွင့်မယ်ဆိုရင်
1- ဖုန်း Setting ထဲသွားပါ
2- Photos & Camera ထဲသွားပါ
3- Grid ဆိုတာလေးကို ဖွင့်ပေးလိုက်ပါ
ဒါဆိုရင် ရပါပြီ...

** Huawel **
Huawel တွေမှာ Gridlines ဖွင့်မယ်ဆိုရင်
1- Camera ထဲဝင်
2- ကင်မရာ Setting ထဲဝင်

3-တစ်ချို့ဖုန်းတွေမှာ( Camera Grid  )
တစ်ချို့ဖုန်းတွေမှာတော့( Assistive Grid)  ဆိုတာကိို ရှာပြီး ဖွင့်ပေးလိုက်ပါ (**ရွေးစရာတွေ ထပ်ပါလာခဲ့ရင်
Grid or Phi Grid ကြိုက်တာရွေးပါ) ဒါဆို ရပါပြီ....

** Realme**
Realme တွေမှာ Gridlines ဖွင့်မယ်ဆိုရင်
တစ်ချို့ Model တွေက
1- ဖုန်း Setting
2- System app
3- camera ကိုရှာပြီး နှိပ်
4- Grid ဆိုတာကို ဖွင့်ပေးရင် ရပါတယ်
တစ်ချို့ model တွေမှာတော့
1- Camera ထဲဝင်
2- ညာဘက်အပေါ်ဒေါင့်က အချောင်းသုံးခုကို နှိပ်
3- Setting ထဲ ထပ်ဝင်
4- Grid ဆိုတာကို ရှာပြီး ဖွင့်ပေးလိုက်ပါ
ဒါဆိုရပါပြီ....

ဒါတွေက မိမိသိသလောက်ပြောပြတာပါ ဖုန်းအားလုံး မကိုင်ထားတဲ့အတွက် အမှားပါရင် သည်းခံပေးပါ။
Please like and follow my page👇👇
https://www.facebook.com/BHTPhotographer/

No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...