Saturday, October 23, 2021

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

 လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့်

နည်းလမ်း တစ်ခုပါ။
foreground
Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /midground/Horizinal line/background ဆိုပြီး ပါဝင်တာကို မှတ်ထားရပါမယ်။မျက်စိရှုပ်မသွားပါနဲ့။ အခုပြောပြမယ့်အကြောင်းက Foreground ပဲ ဖြစ်ပါတယ်။ကျန်တဲ့ အပိုင်းတွေကို နောက်ကျရင် အကျယ်တဝင့် ရေးပေးပါမယ်။ ပုံတစ်ပုံကိုကြည့်တဲ့အခါ အရှေ့ဆုံး မြင်ရတဲ့ အပိုင်းက Foreground ပါ ။ပြီးရင် middle groundဖြစ်တဲ့ Subject ကိုမြင်ရမှာပါ။ အဲ့ဒီမှာ
မိမိရဲ့ Subject ကို ပိုပြီး လှပသွားအောင် စွဲဆောင်မှုကောင်းအောင် foreground ကို အကျိုးရှိရှိ အသုံးချရပါမယ်။ တစ်ခါတလေ leading line တွေကို foreground ထားခြင်းဖြင့် line တွေက သင့်subject ဆီကို ဆွဲခေါ်ပေးသွားမှာပါ။ နောက်ထပ် ပန်းခင်းတွေကို foreground ထားခြင်းဖြင့် ပန်းတွေရဲ့ အလှ၊ ပန်းတွေရဲ့ အရောင်တွေက သင့်subject ရဲ့ အလှကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတလေ မြက်ခင်းပြင်ကြီးတွေကို Foreground ထားရိုက်တာလည်း စွဲဆောင်မှုရှိနေပါတယ်။ အခု ထပ်ပြောပြမယ့် foreground နည်းလေးက ရိုက်ရတာ နည်းနည်း စိတ်ရှည်ရပေမယ့် ရလာတဲ့ပုံကလည်း မှင်သက်ဖွယ် အရသာကို ပေးနိုင်မှာပါ။ အဲ့ဒီနည်းက Foreground ကို အဝါး (blur) လုပ်ပြီး ရိုက်တာပါ။ မိမိဖုန်း (or) ကင်မရာ ရှေ့မှာ ကိုယ် အဝါး(blur) Foreground လုပ်မယ့် ပန်း ၊ စာရွက်အဖြူ (or)အရောင် ၊ ပန်းပင် အတန်းတွေကို ထားရှိစေပြီးတော့ Subject ကို foreground ရဲ့အနောက်မှာထားပြီး Subject ကို focus ဖြတ်ကာ ရိုက်ကူးရမှာပါ။ focus ဖြတ်တဲ့အခါ camera တွေအတွက် မခက်ခဲပေမယ့်
Mobile phoneသမားတွေအတွက်ကတော့ နည်းနည်း စိတ်ရှည်ရှည်နဲ့ focus ဖြတ်ပေးပါ။ Mobile သမားတွေအနေနဲ့ Portrait mode နဲ့ရိုက်ဖို့ အကြံပေးပါတယ်။ အောက်က ပုံတွေကို ကြည့်လိုက်ရင် ပိုပြီး ရှင်းလင်းသွားမှာပါ...... ဒီမှာ သတိထားရမယ့် အချက်ကလေးတစ်ခု ကျန်နေပါတယ် မိမိ Foreground ထားမယ့်အရာရဲ့ အရောင်တွေဟာ Subject ကို အားပျော့သွားစေမယ့် အရောင်တွေကိုတော့ ရှောင်ရမှာပါ
***ဝါသနာတူ အခုမှ စလေ့လာမယ့်သူတွေ အတွက်
ကျနော် သိသလောက် မျှဝေခြင်းပါ***
ကျနော်ဆရာကြီး မဟုတ်ပါ
သင်ဆရာ မြင်ဆရာများကို ကန်တော့လျှက်ပါ
🙏🙏🙏
Photo source google





No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...