ဓာတ်ပုံပညာကိုဓာတ်ပုံပညာကို ဘယ်ကစပြီးလေ့လာရမလဲ ဆိုတဲ့သူတွေအတွက်....
-Photography ဆိုင်ရာ အခေါ်ဝေါ်တွေကိုလေ့လာပါ
ဓာတ်ပုံနဲ့ ပတ်သတ်ပြီး အခေါ်အဝေါ်တွေ အမျိုးမျိုးရှိပါတယ်။ ဥပမာ Composition နာမည်တွေ...camera setting ထဲက အမည် အခေါ်ဝေါ်တွေ...Camera မှာဆိုရင် Lens တွေရဲ့ အတိုကောက် အခေါ်ဝေါ်တွေ၊ ခလုတ်တွေရဲ့ အခေါ်ဝေါ်တွေ etc... ဒါတွေကို သိအောင် လေ့လာဖို့လိုပါတယ်...
-Composition တွေကို လေ့လာပါ
Composition တွေကို လေ့လာတဲ့အခါမှာ
Beginer တွေအရင်ဆုံး လေ့လာရမှာက အခြေခံ
အကျဆုံးနဲ့ pro ဖြစ်တဲ့အထိ မေ့ထားလို့မရတဲ့
Rule of Thirds Composition ကို စပြီးလေ့လာပါ...အခြား Framing /Leading lines/Foreground etc...စတဲ့ Basic Composition တွေကို တစ်ခုခြင်း ပိုင်နိုင်အောင် လေ့လာထားပါ။ Composition တစ်ခုခြင်းကို လက်တွေ့ရိုက်ပါ။ ဖတ်ပြီး ဒီတိုင်းမထားပါနဲ့...
Composition တွေလေ့လာနေတုန်း setting တွေ မသိသေးဘူးဆိုရင် Auto mode(or)Semi Auto mode နဲ့ ရိုက်နိုင်ပါတယ်
-Phone(or)Camera ရဲ့ Maunal setting
ကျနော်တို့ဟာ အမြဲတမ်း Auto mode /Semi Auto mode တွေနဲ့ပဲ ရိုက်နေလို့မရပါဘူး။ တစ်ခါတစ်လေ Manual mode နဲ့ကိုယ်တိုင် ဖန်တီးရိုက်ကူးတဲ့အခြေနေမှာ Manual setting တွေ ဖြစ်တဲ့ ISO/Shutter speed/Aperture တို့ရဲ့ အလုပ်လုပ်ပုံကို နားလည်ရပါမယ်။ ဒါကို နားလည်ဖို့အတွက် Exposure Triangle ကို လေ့လာရမှာပါ...Camera တွေမှာဆိုရင် Metering Mode တွေ Focus mode တွေအကြောင်းကိုပါ လေ့လာရမှာပါ....
-Lighting အကြောင်း လေ့လာပါ
ဓာတ်ပုံရိုက်တဲ့အခါ အလင်းအမှောင်က အရမ်းအရေးကြီးပါတယ်။ သဘာဝအလင်းရောင်ပဲဖြစ်ဖြစ် ကိုယ်တိုင် ဖန်တီးတဲ့ Flash တွေနဲ့ပဲ ရိုက်ရိုက် lighting သဘောတရားတွေက်ို နားမလည်ရင် ပုံကောင်းမရပါဘူး...ဒီအတွက် natural lighting (or)Flash lighting အကြောင်းကို လေ့လာရပါမယ်။ အနည်းဆုံးတော့ သဘာဝအလင်းရောင်ကို အသုံးချပြီး ရိုက်ကူးတတ်ဖို့ လေ့လာရပါမယ်...
-Edit and Retouch
ဓာတ်ပုံတွေရိုက်ပြီးရင် ပြင်ရပါတယ်။ Landscape ပုံတွေရိုက်တာတို့ Portrait ပုံတွေရိုက်တာတို့ ပြီးရင် Edit/Retouch လုပ်ပေးရပါတယ်။ Mobile တွေမှာတော့ JPEG နဲ့ ပုံထွက်လာတဲ့အတွက် အရမ်းပြင်စရာ
မလိုအပ်ပေမယ့် camera တွေမှာ RAW နဲ့ ရိုက်ကူးတဲ့ပုံတွေကိုတော့ သေချာပေါက်ပြင်ရပါတယ်။ ဒီအတွက်
Edit /Retouch လုပ်တတ်ဖို့အတွက် လေ့လာရပါမယ်.... Mobile Phone တွေအတွက်တော့ Mobile lightroom နဲ့ Snapseed ကို မဖြစ်မနေ သုံးတတ်ဖို့လိုပါတယ်..Computer တွေအတွက်ကတော့ PS/LR
စတာတွေကို စနစ်တကျ သင်တန်းတက်သင့်ပါတယ်..
ပြီးရင် Preset သုံးတာတွေကို ရှောင်ရှားသင့်ပါတယ်...ကိုယ်တိုင်Tools တစ်ခုခြင်းစီရဲ့
အလုပ်လုပ်ပုံကို နားလည်ပြီး ကိုယ်တိုင်
ပြုပြင်တတ်ဖို့လိုပါတယ်...
-ဆောင်ရန် ရှောင်ရန်တွေကိုလေ့လာပါ...
ကျနော်တို့တွေ ဓာတ်ပုံရိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် Edit and Retouch လုပ်တဲ့အခါမှာ ဆောင်ရန် ရှောင်ရန် လိုက်နာရန် အချက်တွေ အများကြီး ရှိပါတယ်။ ဒါတွေကိုလည်း လေ့လာရပါမယ်....
- များများ လေ့ကျင့်ပါ
ဓာတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် edit တွေ Retouch တွေ လုပ်တာပဲ ဖြစ်ဖြစ် သိထားပြီးရင် လက်တွေ့ လေ့ကျင့်ရမှာပါ။ လေ့ကျင့်တဲ့အခါမှာ လည်း အားတိုင်းကို လေ့ကျင့်နေရမှာပါ။ ဒါမှ ကျင့်သားရပြီး သဘောပေါက်လာမှာပါ။ လေ့ကျင့်မှု မရှိရင် သိရုံ သိပြီး တတ်မှာ မဟုတ်ပါဘူး...
-ကိုယ်က အထက်ပါအချက်တွေကို ကျွမ်းကျင်လာရင်တော့ Advance Level ဆိုင်ရာတွေကို စနစ်တကျ လေ့လာ သင်ယူပြီး ကိုယ့်ရဲ့ Level ကို မြှင့်တင်ရမှာ ဖြစ်ပါတယ်။ဓာတ်ပုံပညာဟာ ဒီနေ့လေ့လာပြီး လအနည်းငယ်နဲ့ တတ်မြောက်သွားမှာ မဟုတ်ပါဘူး။ အချိန်ကာလ တစ်ခုထိ လေ့လာသင်ယူပြီး ကြိုးစားကြရပါတယ်....
ချစ်ခြင်းများစွာဖြင့်
BHT Portrait Photography
Friday, October 22, 2021
ဓာတ်ပုံပညာကိုဓာတ်ပုံပညာကို ဘယ်ကစပြီးလေ့လာရမလဲ ဆိုတဲ့သူတွေအတွက်....
Subscribe to:
Post Comments (Atom)
လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground
လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...
-
ဓာတ်ပုံပညာကိုဓာတ်ပုံပညာကို ဘယ်ကစပြီးလေ့လာရမလဲ ဆိုတဲ့သူတွေအတွက်.... -Photography ဆိုင်ရာ အခေါ်ဝေါ်တွေကိုလေ့လာပါ ဓာတ်ပုံနဲ့ ပတ်သတ်ပြီး အခေ...
-
Gridlines ဖွင့်နည်းပေါင်းချုပ် ကျေးဇူးပြုပြီး ကိုယ့်အမျိုးစားအလိုက် သေချာဖတ်ပေးပါ... **Mi ** Mi မှာ Gridlines ဖွင့်မယ်ဆိုရင် 1- ကင်မရာထ...
-
Mobile ဖုန်းနဲ့ လူပုံ လှလှလေးတွေရအောင် ရိုက်နည်း(10)ချက် 1- ပထဆုံး camera setting ထဲကနေ Grid lines ဆိုတာကို ဖွင့်ထားတာ...(မဖွင့်တတ်ရင် လ...
No comments:
Post a Comment