Saturday, October 23, 2021

Portrait ပုံ လှလှလေးတွေ ရိုက်ဖို့ နည်းလမ်း (၃)ခုကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်.

 Portrait ပုံ လှလှလေးတွေ ရိုက်ဖို့ နည်းလမ်း (၃)ခုကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်.

*အရှေ့မှာ Rule of thirds/Leading lines/Framing ဆိုတာတွေကို ဖော်ပြခဲ့ပေးပြီးပါပြီ... page မှာ ဝင်ရှာနိုင်ပါတယ်...
1- Texture တွေ ထည့်ရိုက်ပါ (ပုံ-၁)
Texture ဆိုတာ ကျနော်တို့မြင်ဖူးနေကျ
ဟောင်းနွမ်းပြီး စုတ်ပျက်နေတဲ့ နံရံက ကွာကျပြီး အကွက်တွေဖြစ်နေတဲ့ အင်္ဂတေ အပြားကြီးတွေတို့ ကျောက်တုံးကြီးတွေတို့ သောင်ပြင်က သဲကွက်ကြီးတွေတို့ ပတ်ကြားအက်နေတဲ့ မြေကြီးတွေတို့ သစ်ပင်က သစ်ခေါက် ကြမ်းကြမ်းကြီးတွေတို့ အစရွိတဲ့ အရာတွေကိုဆိုတာပါ...သင့်ရဲ့ ဓာတ္ပုံမွာ Texture တွေထည့်ရိုက်ခြင်းအားဖြင့် သင့်ရဲ့ ဓာတ္ပုံကလူကို ပိုပြီး စိတ်ဝင်စားမှု ရရှိလာစေမှာပါ...selfie ဆွဲတဲ့အခါမွာ အကွက်ကြီးကြီး နံရံတွေနားမှာ ရိုက်မယ်ဆိုရင် သင့်selfie ပုံက ပိုပြီး စွဲဆောင်မှု ရှိနေမှာပါ
2-Depth of Field (ပုံ-၂)
Depth of field ဆိုတာက လွယ်လွယ်ပြောရရင်
ရှေ့ကြည်နောက်ဝါးလေးကို ဆိုလိုတာပါခင်ဗျ..
အခုနောက်ပိုင်း Mobile Phone အားလုံးနီးပါးမှာ ပါတဲ့ (Portrait mode) ဆိုတဲ့ Function လေးနဲ့ အလွယ်တကူရိုက်ကူးနိုင်ပါတယ်..ကင်မရာတွေမှာတော့ aperture(F) ကျယ်ကျယ်ဖွင့်နိုင်တဲ့ Lens မျိုးတွေနဲ့ ရိုက်ရင် DOF(Depth of field)
ပိုမိုရရှိစေမှာပါ. ထိုသို့ ရိုက်ကူးခြင်းအားဖြင့်
မိမိရိုက်မယ့် လူ နဲ့ background ကို ကွဲထွက်စေပြီး လူနဲ့ Background ရှုပ်ထွေးမနေပဲ လူကိုသာ အာရုံစိုက်မိစေမှာပါ
3- ရှုထောင့်အမျိုးမျိုးကနေ ရိုက်ပါ (ပုံ 3)
ကျနော်တို့ဟာတစ်ခါတစ်လေ မေ့မေ့လျှော့လျှော့နဲ့ နေရာတစ်နေရာထဲကနေပဲ ပုံတစ်ပုံကို ထပ်တလဲလဲ ရိုက်ယူလေ့ရှိပါတယ်...ရှုထောင့်တစ်ခုထဲကနေ ရိုက်နေမယ့်အစား ဘယ်ဘက်ကနေတစ်ပုံ ညာဘက်ကနေတစ်ပုံ ရှေ့တည့်တည့်ကတစ်ပုံ အပေါ်ကတစ်ပုံ အောက်ကတစ်ပုံ သဖြင့် ရှုထောင့်အမျိုးမျိုးပြောင်းပြီး ရိုက်ကူးသင့်ပါတယ်...ရှုထောင့်အမျိုးမျိုးကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေက သင့်ကို ရသအမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်.တစ်ခါတလေ မတူညီတဲ့ ရှု့ထောင့်ကပုံတွေက ပိုပြီး စွဲဆောင်မှု ရှိနေတတ်ပါတယ်
နောက်ထပ် နည်းလေးတွေကိုလည်း နောက်နေ့တွေမှာ
တင်ပေးသွားပါမယ်ဗျ..
ပုံလှလှလေးတွေ ရကြပါစေဗျာ...ကျနော် သိသမျှကို ပြန်လည်မျှဝေခြင်းဖြစ်တဲ့အတွက် အမှားပါရင်
ခွင့်လွှတ်ပေးပါ 🙏🙏🙏




No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...