Saturday, October 23, 2021

ဖုန်းကင်မရာ manual mode(pro mode /Expert mode) ထဲက setting တွေအကြောင်းနဲ့ အလုပ်လုပ်ပုံကို အသေးစိပ် ရှင်းပြချက်

 ဖုန်းကင်မရာ manual mode(pro mode /Expert mode) ထဲက setting တွေအကြောင်းနဲ့ အလုပ်လုပ်ပုံကို အသေးစိပ် ရှင်းပြချက်

-ပထမဆုံးတွေ့ရမှာက "WB "
WB ဆိုတာ White balance ကိုပြောတာပါ
အလင်းတန်ဖိုးကို ချိန်ညှိပေးရတဲ့ setting ပါ။
အလင်းတန်ဖိုးကို Kelvin (K) နဲ့ သတ်မှတ်ပါတယ်။ အလင်းတန်ဖိုး အမျိုးမျိုးရှိပါတယ်
နေ့ဘက်အလင်းရောင်မှာ 6500Kရှိပါတယ်။ ရာသီဥတု ကြည်လင်တဲ့ မနက်နဲ့ ညနေဘက်မှာ 3000K နဲ့ နေ့ဘက်တွေမှာဆို 5500K ရှိပါတယ်။ အများအားဖြင့်တော့ Auto White balance ကိုပဲ အသုံးများကြပါတယ်...တစ်ချို့ဖုန်းတွေမှာတော့ manual ချိန်လို့ရပါတယ်။
အသေးစိပ် Kelvin တန်ဖိုးတွေ လေ့လာချင်ရင် အောက်မှာ ပုံထည့်ပေးထားပါတယ်....
-နောက်တစ်ခုက" F "
ဖုန်းတွေမှာတော့ F ဆိုတဲ့ သင်္ကေတလေးက "Focus tools" ကိုခေါ်တာပါ ။ Focus ဆိုတာကို အလွယ်ဆုံး ရှင်းပြရရင် လူ့ရဲ့ မျက်လုံးရှေ့ တစ်ပေ အကွာလောက်မှာ လက်ကိုထောင်ပြီးကြည့်လိုက်ပါ ။ လက်က ကြည်နေပြီး Background ကဝါးနေမယ်။ပြီးတာနဲ့ လက်ကိုမကြည့်ပဲ background ကိုကြည့်လိုက်ပါ လက်ကဝါးသွားပြီး Backgroundက ကြည်နေမယ်။ ဒီသဘောပါပဲ။ကိုယ်အာရုံစိုက်တဲ့ ကိုယ်ကြည့်ချင်တဲ့ အကွာဝေးက အရာဝတ္ထုကိုမြင်ရပြီး အခြားနေရာတွေကို Blur (အဝါး)လုပ်ပစ်တဲ့စနစ်ပါ။ focus ကို Auto Focus နဲ့ Manual focusဆိုပြီး သုံးလို့ရပါတယ်။ Auto focus ကတော့ ဖုန်းရဲ့စနစ်က သူ့အတိုင်းသူ focus ကို ဖြတ်ပေးမှာဖြစ်ပါတယ်။ Manual Focus ကတော့ ကိုယ်ပြချင်တဲ့ အရာကို ကိုယ်တိုင် စိတ်တိုင်းကျ ချိန်ညှိပေးရတာပါ.....
-နောက်တစ်ခုက" S "
တစ်ချို့ ဖုန်းတွေမှာ "S "လို့ပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ "exposure times" ဆိုပြီး ရေးထားတတ်ပါတယ်။ ဘယ်လိုပဲရေးရေး နှစ်ခုလုံးက "Shutter speed" ဆိုတာကို သိထားပါ။ Shutterspeed ဆိုတာ အလင်းတံခါး အဖွင့်အပိတ်နှုန်းကို ခေါ်တာပါ။အလင်းတံခါး အဖွင့်ပိတ်လုပ်တယ်ဆိုတာ မျက်တောင်ခတ်သလိုပါပဲ။ shutterspeed ရဲ့သဘောတရားကို အလွယ်ဆုံး ရှင်းပြရရင် ရေခံသလိုပေါ့။ ရေဘဲက ကျတဲ့ရေကို ခနလေးခံရင် ရေနည်းနည်းပဲ ရမယ် ကြာကြာခံရင် ရေများများရမယ်။ ဒီလိုပါပဲ shutter speedကို ကြာကြာထားမယ်ဆိုရင် အလင်းတံခါး ကြာကြာပွင့်တဲ့အတွက် အလင်းပိုပြီး ရရှိမှာပါ။ခနလေးပဲ ဖွင့်ပြီး ပြန်ပိတ်ရင်တော့ အလင်းရတာ နည်းနေမှာပဲဖစ်ပါတယ်။Mobile ဖုန်းတွေမှာ Shutterspeed (32 )စက္ကန့်ထိ အကြာဆုံး ပါတတ်ပါတယ်။ တစ်ချို့ဖုန်းတွေမှာလည်း အဲ့ဒါထက် နည်းပြီးပါလာတတ်ပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ Manual mode ကို ပါမလာ တတ်ပါဘူး။ shutter Speed မှာ 1/1000, 1/500 ,1/250 ,1/125 ,1/60,1/30,1/15,1/8,1/4,1/2 ,1 ,2 ,4 ,8 ,16 ,32 ဆိုပြီးတွေရမှာပါ။ 1/1000 ဆိုတာ 1 secရဲ့ အပုံ တစ်ထောင်ပုံ တစ်ပုံကိုပြောတာပါ 1/500 ဆိုတာ တစ်စက္ကန့်ရဲ့ အပုံငါးရာပုံ တစ်ပုံကို ပြောတာပါ။ အရမ်းကို မြန်တဲ့ နှုန်းတွေပါ ဒါကြောင့် shutter တံခါးဟာလည်း အမြန်ဖွင့်ပီး ပြန်ပိတ်တဲ့အတွက် အလင်းဝင်ရောက်နှုန်းကလဲ အရမ်းနည်းပါတယ် ။ဒါကို fast shutter speed လို့ခေါ်ပါတယ်။ နေ့ဘက် ရိုက်တဲ့အခါ နဲ့ လှုပ်ရှားမှု အရမ်းမြန်တဲ့ ပုံတွေကို ဖမ်းယူတဲ့အခါမှာ fast shutter ကိုသုံးပါတယ်။ 1 sec ကစပြီး 32 စက္ကန့်ဟာ(slow Shutter) shutter တံခါး ကြာကြာဖွင့်တာဖြစ်တဲ့အတွက် အလင်းဝင်ရောက်တာ များပါတယ်။ဒါကြောင့် 1sec မှ 32sec ကို အလင်းအားနည်းတဲ့အချိန်၊ ညဘက် ကားမီးတန်း longexposure ရိုက်တာတို့၊ ကြယ်ဖမ်းတာတို့ လို ရိုက်တဲ့အခါမှာ သုံးရမှာပါ ။ ဒါပေမယ့် အလင်းတံခါးကြာကြာဖွင့်ထားတဲ့အတွက် လက်က လှုပ်နေမယ်ဆိုရင် ပုံရိပ်တွေလည်း လှုပ်ပြီး ဝါးသွားတဲ့အတွက် ဖုန်းကို ငြိမ်စေမယ့် Tripod ကိုသုံးသင့်ပါတယ်...
-နောက်တစ်ခုက ISO
ISO ဆိုတာ ကျနော်တို့ Image sensor ရဲ့ အလင်းအာရုံခံနိုင်စွမ်းကို တိုင်းတာတာပါ။
ဖုန်းတွေမှာတော့
*ISO 100 /200/400/800/1600/3200ဆိုပြီး ပါပါတယ်။ ISO ဂဏန်းတန်ဖိုး နည်းလေ sensor ရဲ့ အလင်းအာရုံခံနိုင်စွမ်းနည်းလေဖြစ်ပြီး Noise လို့ခေါ်တဲ့ အမှုန်အမွှားလေးတွေ နည်းလေ ဖြစ်ပါတယ်။ ISO ဂဏန်းတန်ဖိုး များလေ
အလင်းအာရုံခံနိုင်စွမ်းများလေ ဖြစ်တဲ့အတွက်
Noise တွေ များလာမှာပဲ ဖြစ်ပါတယ်။ ISO 100 မှာရိုက်တဲ့ပုံနဲ့ 3200မှာ ရိုက်တဲ့ပုံကို ယှဥ်ကြည့်ရင် ISO 100 ပုံက ကျစ်ကျစ်လစ်လစ်နဲ့ noiseကင်းတာတွေ့ရပြီး ISO 3200ပုံမှာတော့ အမှုံအမွှား {noise} တွေ မြင်ရမှာပဲ ဖြစ်ပါတယ်။ ISO ဘယ်လောက်ထားရိုက်မလဲဆိုတာ ပုံသေသတ်မှတ်လို့မရပါဘူး...ကိုယ်ရိုက်မယ့် အခြေနေနဲ့ အချိန်အခါအပေါ်မူတည်ပြီး လိုသလို သုံးရမှာ ဖြစ်မှာတယ်။ ရာသီဥတု ကြည်လင်ပြီး အလင်းရောင်ကောင်းတဲ့အခြေနေမှာတော့ ယေဘုယျအား​ဖြင့် iso 100 က အကောင်းဆုံးပါ.....
-EV
EV ဆိုတာ exposure value ကိုပြောတာပါ
ကင်မရာနဲ့ ပတ်သတ်တဲ့ အဓိက setting သုံးခုရှိပါတယ် Aperture /Shutter speed/ISO ဖြစ်ပါတယ်။ ဒီသုံးခုကိုပေါင်းစပ် အသုံးပြုပြီး Exposure Value ဆိုတာကို ရတာပါ။ Aperture +Shutter Speed + ISO= Exposure value ဖြစ်ပါတယ်။ဒီသဘောတရားကို Exposure Triangle လို့ခေါ်ပါတယ်။
ဖုန်းမှာတော့ Ev ကို ကစားလိုက်မယ်ဆိုရင် Shutter speed နဲ့ iso ဟာ auto ချိန်ပြီးသားဖြစ်ပါလိမ့်မယ်။ Shutter speed နဲ့ iso ကစားလိုက်ရင် EV ကို ချိန်စရာမလိုပါဘူး။
-ကင်မရာ(2/3/4 )လုံးဖုန်းတွေမှာမြင်ရတဲ့
" Lens"
ဒါကတော့ ထွေထွေ ထူးထူး မဟုတ်ပါဘူး
ကျနော်တို့ဖုန်းတွေရဲ့ ကျောဘက်မှာပါတဲ့ ကင်မရာတွေထဲကမှ ဘယ်ကင်မရာကို သုံးပြီးရိုက်မှာလဲဆိုတာကို ရွေးရတာပါ။ Wide ကိုထားရင် Main Wide ကင်မရာက အလုပ်လုပ်နေမယ်။Ultra Wide ကိုထားရင် wide ကင်မရာက အလုပ်လုပ်နေမယ်။ Micro မှာထားရင် micro ကင်မရာက အလုပ်လုပ်မယ်။ ဒါကိုပြောတာပါ....
Phone Manual modeမှာပါတဲ့ Setting တွေရဲ့အကြောင်းတွေ၊ အလုပ်လုပ်ပုံတွေကို သိပြီးရင်
အဓိက setting နှစ်ခုက Shutter speed နဲ့ ISO
ပါ။ဖုန်းတော်တော် များများမှာ ကိုယ်တိုင်ချိန်ညှိလို့ရတဲ့ Aperture မပါတဲ့အတွက် ထည့်မပြောတော့ပါဘူး။
ဒီနှစ်ခုကို မျှမျှတတ အသုံးချတတ်မှသာ ကိုယ်လိုချင်တဲ့ အနေထားကို ရရှိမှာပဲ ဖြစ်ပါတယ်။ shutter speedကို ကြာကြာထားရင် အလင်းများများရမှာ ဖြစ်တဲ့အတွက် ISO ကို တင်ထားလို့မရပါဘူး သင်တင့်မယ့် ISO ဂဏန်းကို လျှော့ချပေးရမှာပါ။ ထိုနည်းတူ ISO အမြင့်မှာထားရင် shutter speed ကို တင်ထားလို့မရပါဘူး သင့်တင့်မယ့် Shutter Speed ကိုလျှော့ချထားရမှာဖြစ်ပါတယ်။ ဒါက အလွယ်တကူပြောပြတာဖြစ်ပါတယ်....အသေးစိပ်သဘောတရားကိုသိချင်ရင် Exposure Triangle ကိုလေ့လာရပါမယ်......
ချစ်ခြင်းများစွာဖြင့်
BHT Portrait Photography

No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...