Saturday, October 23, 2021

လူပုံ လှလှလေးတွေရိုက်ဖို့ အခြေခံ Composition Rule of thirds

လူပုံ လှလှလေးတွေရိုက်ဖို့ အခြေခံ Composition
Rule of thirds
------
ဓာတ်ပုံတစ်ပုံကို
ကြည့်လိုက်တဲ့အခါမှာ သာမန် ဖြစ်သလိုရိုက်ထားတဲ့ပုံနဲ့ Rule of thirds ကိုအသုံးပြုပြီးရိုက်ထားတဲ့ပုံနဲ့က ကြည့်ရတာခြင်း လုံးဝမတူပါဘူး
ကဲ Rule of thirds နဲ့ ဘယ်လိုရိုက်ရမလဲပြောပါမယ်...Rule of thirds နဲ့ ရိုက်ဖို့အတွက် မိမိရဲ့ ဖုန်း(သို့)ကင်မရာမှာ Grid line ဆိုတာကို ဖွင့်ပေးထားရပါမယ်... နောက်ပိုင်း လက်သားကျလာတဲ့အခါ ပိတ်ပြီးတောင်ရိုက်လို့ရပါတယ်...
မိမိ ဖုန်း(သို့)ကင်မရာမှာ Gird line (or) Framing Lines ကိုဖွင့်လိုက်တဲ့အခါ ပုံထဲကလို မျဥ်းကြောင်းတွေ ပေါ်လာပါတယ်။ အဲ့ဒီမျဥ်ကြောင်းတွေကို ဇယားကွက် အနေနဲ့ ရေတွက်ကြည့်ရင် အကွက်သုံးကွက် နဲ့ ဆုံမှတ် လေးခုရှိပါတယ်.၄င်းဆုံမှတ်လေးခုရဲ့ ဆုံမှတ် တစ်ခုခုမှာ မိမိပြလိုတဲ့ အရာ(လူ.ပစ္စည်း.သစ်ပင်...)ကို ထားပြီးရိုက်တာကိုဆိုလိုပါတယ်.အောက်ပါပုံမှာ ကြည့်ရင် သိနိုင်ပါတယ် .ပြလိုတဲ့အရာကို အလယ်တည့်တည့်မှာ ထားမယ့်အစား ဘယ်ဘက်( သို့) ညာဘက်ဆုံမှတ်တစ်ခုခုမှာ ထားပြီးရိုက်တာက မိမိပြလိုတဲ့ အရာကို ပိုပြီး စိတ်ဝင်စားမှုရစေမှာပါ...သတိထားရမှာက မိမိပြလိုတဲ့အရာက လူဖြစ်နေရင် မျက်နှာမူရာအရပ်ကို အကွက်လေး နှစ်ကွက် ချန်ထားရမှာပါ.
ကျနော်လေ့လာမိသလောက်ကို နားလည်သလိုပြန်မျှဝေခြင်းဖြစ်ပါတယ်ခင်မျာ.သိရှိလိုတာများကို masg ကနေ လာ​​ရောက်မေးမြန်းနိုင်ပါတယ်.တတ်သလောက် ရှင်းပြပေးပါမယ်. အမှားပါရင် ခွင့်လွှတ်ပေးပါ..သင်ဆရာ မြင်ဆရာအားလုံးကို ကန့်တော့လျှက်ပါ...
နောက်ပိုင်း တစ်ခြား Composition လေးတွေပါ မျှဝေပေးပါမယ်ခင်မျာ🙏🙏🙏

 

No comments:

Post a Comment

လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခု foreground

  လူပုံလှလှလေးတွေ ရိုက်ဖို့ အသုံးချရမယ့် နည်းလမ်း တစ်ခုပါ။ foreground Foreground ဆိုတာကို မပြောခင် အရင်ဆုံး ဓာတ်ပုံတစ်ပုံမှာ Foreground /mid...