လူပုံ (သို့)အရာဝတ္ထုတွေကို စွဲဆောင်မှုရှိအောင်
"Framing" နည်းဖြင့်ရိုက်ကူးခြင်း
Framing ဆိုတာ " ဘောင်ခတ်ခြင််း"ကိုပြောတာပါ
ကိုယ်ရိုက်ချင်တဲ့ အရာဝတ္ထု (သို့) လူ စတာတွေကို ဘောင်ခတ်ပြီး ရိုက်တာပါ...framing ရိုက်ခြင်းအားဖြင့် မိမိပြသလိုတဲ့ subject ဟာ
ကြည့်ရှုသူရဲ့ မျက်လုံး အာရုံထဲကနေ တစ်ခြားဘက်ကို ရောက်မသွားစေပဲ Frame ကနေ စွဲဆောင်ကန့်သတ်ထားပေးပါတယ်..
.Frame ဆိုရာမှာ
အမျိုးမျိုးသော frame အမျိုးစားတွေရှိပါတယ်
-လူဖန်တီးထားတဲ့ ဖရိန်
-သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဖရိန်
လူဖန်တီးထားတဲ့ ဖရိန်-ဆိုတာက framing ရိုက်ဖို့ရည်ရွယ်ချက်နဲ့ စတုရန်း သစ်သားဘောင်လေးတွေ စက္ကုကို အတွင်းကနေ လေးထောင့် အပေါက်လေးညှပ်ထားတာမျိုး သစ်ရွက်လေးတွေကို အလယ်ကနေ အပေါက်ဖောက်ထားတာမျိုး အစရှိတဲ့ စိတ်ကူးမိသမျှ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့အရာတွေကိုပြောတာပါ....
သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဖရိန်-ဆိုတာက
လမ်းမှာ မထင်မှတ်ပဲ တွေ့တဲ့ သံကြိုးကွင်းလေးထဲက မြင်ကွင်းတွေ သစ်ပင်ရဲ့ ကွေးကျနေတဲ့
သစ်ကိုင်းလေးထဲက မြင်ကွင်းတွေ အိမ်ပြတင်းပေါက်လေးတွေ အစရှိတဲ့ အမျိုးမျိုးသော ဖရိန်လေးတွေကို ခေါ်တာပါ....အဲ့ဒီလို framing ရိုက်ခြင်းအားဖြင့် မိမိပြလိုတဲ့ အရာကို ပိုပြီး အာရုံစိုက်မိစေမှာ ဖြစ်ပါတယ်...ကျနော်သိသလောက် ပြန်လည်မျှဝေခြင်းပါ...သိရှိလိုတာများကို Cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ...အမှားပါရင် ခွင့်လွှတ်ပါ... သင်ဆရာ မြင်ဆရာအားလုံး ကန်တော့လျှက်ပါ
No comments:
Post a Comment