လူပုံလေးတွေ(သို့)မိမိပြလိုတဲ့ အရာကို စိတ်ဝင်စားအောင်ရိုက်ဖို့အတွက် "Leading lines Composition"
Leading lines ဆိုတာက မျဥ်းကြောင်းတွေကိုပြောတာပါ...ဒေါင်လိုက်မျဥ်း. ကန့်လန့်ဖြတ်မျဥ်း. အလျှားလိုက်မျဥ်း. ကောက်ကွေ့နေတဲ့မျဥ်းတွေ စတာတွေ အကျုံးဝင်ပါတယ်...(ဥပမာ ရထားလမ်း |တံတားရဲ့ ဘောင်တွေ |ဖြောင့်နေတဲ့ကားလမ်း ကွေ့ကောက်နေတဲ့ကားလမ်း etc)...ထိုနည်းတူ မျဥ်းတွေဟာ လူကို ဦးတည်နေတာပဲ ဖြစ်ဖြစ် .လူမှ ထွက်လာတဲ့မျဥ်းတွေဟာ Leading Lines ဖြစ်ပါတယ်... လိုင်းတွေမှာ စွမ်းအားတွေရှိပါတယ်...မိမိပြချင်တဲ့ အရာတွေကို လိုင်းတွေကနေတစ်ဆင့် Subject ဆီ ဆွဲခေါ်သွားပေးနိုင်စွမ်းရှိပါတယ်... မိမိပြလိုတဲ့အရာကို ပိုပြီး အာရုံစိုက်မိသွားစေဖို့အတွက် မျဥ်းတွေကို အကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်...ဥပမာ ရထားဘူတာရုံမှာ ရိုက်မယ်ဆိုရင် သံလမ်းနှစ်ခုကြားသော်၄င်း သံလမ်းတစ်ဖက်ပေါ်မှာ ထိုင်ပြီး ရိုက်ခြင်းဖြင့် ရထားသံလမ်း မျဥ်းတွေကတစ်ဆင့် မိမိရဲ့ Subject ဆီကို ဆွဲခေါ်သွားပေးမှာ ဖြစ်ပါတယ်
မိမိရဲ့ Subject ကို Leading lines +rule of thirds စတဲ့ Composition တွေနဲ့လည်း တွဲဖက်ပြီး ရိုက်ကူးနိုင်ပါတယ်...အောက်ပါ ပုံတွေမှာ လေ့လာကြည့်နိုင်ပါတယ်...
(photo source google )
No comments:
Post a Comment