Portrait ဓာတ်ပုံ ရိုက်တဲ့နေရာမှာ သတိထားရမယ့် အချက်တွေကို ကျနော်လေ့လာမိသလောက်
ပြန်လည် မျှဝေချင်ပါတယ်....
(1)Rule တွေ ကိုအမြဲတမ်း သတိရပါ
အခုမှ စရိုက်မယ့်သူတွေအနေနဲ့ အဖြစ်များတာက photo ရိုက်ဖို့ ကင်မရာ app ကို ဖွင့်လိုက်တာနဲ့ ရိုက်ဖို့ပဲ အားသန်နေပါတယ်။ ရိုက်ပြီးရင် ကိုယ့်ပုံကို မကျေမနပ်ဖြစ်နေတတ်ပါတယ်။ ဘာလို့ အဲ့ဒီလို ဖြစ်တာလဲမေးကြပါတယ်။အဖြေက အခြေခံ Composition နည်းလမ်းတွေကို မေ့ထားလို့ပါ။ ကျနော်တို့ဟာ ရိုက်ဖို့နဲ့ ပုံလှဖို့ပဲ စိတ်ဆန္ဒစောနေပြီး အရေးကြီးဆုံးဖြစ်တဲ့ Composition တွေကို အသုံးချဖို့ မေ့သွားတာပါ။ အခုမှ စရိုက်မယ့်သူတစ်ယောက်ဆိုရင် ပုံရိုက်ဖို့ စဥ်းစားတာနဲ့ Rule of thirds ကို အရင်ဆုံး လိုက်နာပြီး ရိုက်ဖို့ လိုအပ်ပါတယ်...ရိုက်သားကျလာတဲ့အခါမှ အခြား Composition တွေကိုလည်း အသုံးပြုနိုင်ပါတယ်...
(2) နောက်ထပ် သတိထားရမှာတစ်ခုက
အမှိုက်တွေပါ
ကိုယ်ရိုက်မယ့်ပုံရဲ့ မြင်ကွင်းထဲမှာ ပုံကို အလှပျက်စေတဲ့ အမှိုက်သရိုက်တွေ အရာဝတ္ထုတွေကို အမြဲတမ်း
သတိထားရပါမယ်။ တစ်ခါတလေ အပင်ပန်းခံပြီး ရိုက်လာပြီးမှ ပလက်စတစ်အိတ်လေး တစ်ခုကြောင့် ပုံအလှပျက်သွားရတာတွေလည်း ကြုံဖူးပါတယ်။ ဒါကြောင့် ကိုယ်ရိုက်မယ့် view ကို အရင်ဆုံး ကင်မရာချိန်ပြီး အမှိုက်သရိုက် ရှိမရှိကို စစ်ဆေးပြီးမှ ရိုက်တာ အကောင်းဆုံးပါ။ မိမိ Subject ကို ရှင်းရှင်းလင်းလင်း ရိုက်ပြပါ။ ပုံရိုက်မယ်ဆိုရင် ဒီအချက်ကိုလည်း မဖြစ် မနေ သတိထားရပါမယ်....ကြုံလို့ နောက်တစ်ခု ထပ်ပြောပါဦးမယ်...ကိုယ်ရိုက်လိုက်တဲ့ပုံလေးက
လှနေပြီ။ edit လုပ်လို့ သေချာကြည့်တဲ့အခါမှ
လမ်းဖြတ်သွားတဲ့ ခွေးက ပါနေတာ။ ဒါမျိုးတွေလည်း သတိထားရမယ်
(3) နောက်တစ်ချက်ကတော့ lighting
တော်တော်များများ ကြုံဖူးကြပါတယ်။ မျက်နှာတွေ မဲနေတဲ့ ပုံမျိုးတွေပါ။ ဓာတ်ပုံလေးက လှနေပေမယ့် မျက်နှာကြီးတွေ လက်မောင်းတွေ ခြေထောက်တွေက မဲနေတတ်ပါတယ်။ အရမ်းလည်း နှမြောဖို့ကောင်းပါတယ်။ အဲ့ဒါက အလင်းအမှောင်ကို သတိမထားလို့ပါ ။ တစ်ချို့ကလည်း မသိလို့ ဖြစ်ပါတယ်။ အလင်းအမှောင်အကြောင်းကို အနည်းငယ်ဖြစ်ဖြစ် သိထားတဲ့သူတွေက ဒါလေးကို သတိထားလိုက်ရင်အဆင်ပြေပါတယ်။ အခုမှ စလေ့လာတဲ့ သူတွေအတွက်ကတော့ အနည်းငယ်ပြောပြဖို့ လိုလာပါပြီ။ ပြောရင် အရမ်း များမဆိုးလို့ အလွယ်ဆုံးပြောပြပါမယ်။နောက်ထပ် သေချာရေးပေးပါမယ်။ ပထမဆုံးက မိမိရဲ့ Subject မျက်နှာ နေရာကို တစ်ချက်ထောက်လိုက်ရင် focus ဖြတ်ပြီး Exposure အတင်အချ လုပ်တဲ့ အတန်းလေးပေါ်လာပါတယ်။ မှောင်နေရင် အပေါ်ကို ပွတ်ဆွဲပီး တင်ပေးလိုက်ပါ...အရမ်းလင်းနေရင် ပွတ်ဆွဲပြီး အောက်ချပေးခြင်းဖြင့် မိမိလိုသလို အလင်း
အမှောင် ချိန်ပေးလို့ရပါတယ်။ နောက်တစ်ခုက
နေရဲ့ အလင်းရောင်ကို ကင်မရာနဲ့ မျက်နှာ မမူပါနဲ့။ ရိုက်ပေးမယ့်သူက နေကို ကျောပေးထားပြီး model က နေရဲ့ 45°အနေထားမှာ မျက်နာမူထားရပါမယ်။ နေ့လည်ဘက် နေအရမ်းပူနေတဲ့ အချိန်တွေမှာ နေပူထဲ ဓာတ်ပုံရိုက်တာကို ရှောင်သင့်ပါတယ်။
နေရောင် အရမ်းတောက်လို့ model လဲမျက်စိကြိမ်းပြီး မျက်မှောင်ကြုံ့တာတွေ ဖြစ်တတ်ပါတယ်.......ဒါတွေကိုလည်း သတိထားရပါမယ်
4- Background ကို သတိထားပါ
နောက်တစ်ခုကတော့ ရှုပ်ထွေးတဲ့ background တွေကို ရှောင်ကျဥ်ရပါမယ်။ ဥပမာ လူအရမ်းများတဲ့နေရာတွေမှာ ရိုက်တဲ့အခါ တစ်ခြားသူတွေပါဝင်နေတဲ့ Background က သင့်ဓာတ်ပုံကို
စွဲဆောင်မှု လျှော့နည်းသွားစေပါတယ်။ နောက်ထပ်
Background မှာ lines တွေရှိတဲ့အခါ အဲ့ဒီ lines တွေ
သတိထားပြီး မစောင်းသွားအောင် ရိုက်ရပါမယ်။ တစ်ချို့ပုံတွေမှာတော့ စောင်းသွားတာက လှနိုင်ပါတယ်။ ကိုယ့်ပုံအပေါ်မူတည်ပြီး တည့်သင့် တည့် စောင်းသင့်စောင်းပြီးရိုက်ပါ။
အရမ်းရှုပ်ထွေးနေတဲ့ background တွေကို လည်း သတိထားရပါမယ်
တစ်ခါတလေ ကျနော်တို့ဟာ ကိုယ့်ရဲ့ ဓာတ်ပုံက်ို
အရောင်လေးစိုနေတာ လိုချင်တဲ့ အတွက် Saturation တွေ အရမ်းသုံးကြပါတယ်။ Hue တွေ Saturation တွေကို လိုတာထက် ပိုပြီး သုံးမိတဲ့အခါ သဘာဝနဲ့ ဆန့်ကျင်တဲ့အရောင်တွေ ရရှိလာပါတယ်။ လူရဲ့ အသားအရေဟာ အရမ်း ဝါနေတာမျိုး ၊ အရမ်း ညိုနေတာမျိုး၊စိမ်းရမယ့် သစ်ရွက်တွေက ဝါနေတာမျိုး၊ဝါရမယ့် သစ်ရွက်တွေက စိမ်းနေတာမျိုးတွေ ဖြစ်တာကို တွေ့ဖူးကြမှာပါ။ အဲ့ဒါဟာ ကာလာတွေကို လိုအပ်တာထက် ပိုပြီး သုံးမိလို့ပါ။ creation ပုံစံတွေမှာ ပြသနာမရှိပေမယ့် အလှပုံတွေပြင်တဲ့အခါမှာတော့ ကြည့်ရဆိုးနေတတ်ပါတယ်။ ဓာတ်ပုံတွေကို Snapseed နဲ့ Lightroom လို app မျိုးတွေမှာ စနစ်တကျ ပြင်လို့ရပါတယ်။ အသုံးပြုနည်းတွေလည်း အများအပြား ရှာဖွေနိုင်ပါတယ်။
6-logo စာလုံးကြီးတွေ မတပ်သင့်
ဒီအကြောင်းနဲ့ ပတ်သတ်လို့ကတော့ အများကြီး ပြောစရာ မရှိပါဘူး။ ဓာတ်ပုံကိုကြည့်တဲ့အခါမှာ မျက်စိရှုပ်စေတယ့် စာတန်းတွေ Watermark တွေ Logo တွေကို ခပ်သေးသေးပဲ တပ်ဖို့ အကြံပေးချင်တာပါ ။ ဓာတ်ပုံရဲ့တစ်ဝက်လောက်က စာလုံးတွေနဲ့ပြည့်နေတာမျိုးတွေ ရှိလို့ပါ။ ကျနော်တို့ဟာ ဓာတ်ပုံကို ပြချင်တာလား စာလုံးကို ပြချင်တာလား ပြန်မေးဖို့လိုပါတယ်....
အခုမှ စလေ့လာမယ့်သူတွေအတွက် ကျနော်သိသလောက်မျှဝေခြင်းပါခင်ဗျ။ သင်ဆရာ မြင်ဆရာ အားလုံးကို ကန်တော့လျှက်ပါခင်ဗျာ